သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်မသိ နေရာပြောင်းရွှေ့ထားမှု စိုးရိမ်မှုများ ရှိနေ




ဓာတ်ပုံ - Straits Times ၊ မြန်မာ့ အလင်း၊ အင်တာနက် စာမျက်နှာများ

နေပြည်တော်၊ ဇွန် ၂၊ ၂၀၂၁

သမ္မတဟောင်း ဦးမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သူတို့နေအိမ်တွေကနေ အမည်မသိ နေရာ ကို ရွှေ့ပြောင်းလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်က ပြောကြောင်း Straits Times သတင်းက ဇွန်လ ၁ ရက်မှာ ဖော်ပြပါတယ်။

သူတို့ ၂ ဦးကို ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန် ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။ 

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အမည်မသိရတဲ့ တခြားနေရာကို ပြောင်းရွှေ့လိုက်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်များဆီက ကြားသိရကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း မေလ ၃၁ ရက်က ကြေညာချက် ထုတ်ပြန်တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တပ်မတော်ဘက်က ခုခံပြီး တရားရင်ဆိုင် ခဲ့သူ ဖြစ်ပေမယ့် ယခုအခါမှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ အပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲဆို ခံထားရတယ် လို့လည်း ဆိုပါတယ်။

အလားတူ သမ္မတ ဦးဝင်းမြင့်လည်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက် စည်းကမ်း ဥပဒေ ချိုးဖောက်မှုနဲ့ စွဲဆိုခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ မရင်းနှီးတဲ့ နေရာတခုမှာ တည ပြောင်းရွှေ့နေခဲ့ရဖူးကြောင်း မေလ ၂၄ ရက်နေ့ လူတွေ့စစ်ဆေးတဲ့ တရားခွင် မတိုင်ခင် သူ့ရှေ့နေတွေနဲ့ တွေ့ဆုံစဉ် ပြောပြခဲ့ဖူးတယ်လို့ ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြန်ပြောကြောင်း သတင်းက ဖော်ပြပါတယ်။ 

“အဲဒီ တရားခွင်ပြီးတော့ သူနဲ့ ကျနော်တို့ အဆက်အသွယ် မရတော့ဘူး”လို့လည်း ၎င်းက ပြောပါတယ်။

ဦးခင်မောင်ဇော်က ဆက်လက်ပြီး“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ နိုင်ငံမှာ ချစ်ခင်လေးစား ခံရဆုံးသူ တဦး ဖြစ်ပါတယ်။ ဒါကြောင့် အခု အခြေအနေမှာဆို သူ့လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်မိပါတယ်။ သူစပြီး ဖမ်းဆီး ခံရစဉ် ကတည်းက စိုးရိမ်ပူပန်ကြတာ အခုထိပါပဲ”လို့ ပြောဆိုကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ တို့ကို တရားစီရင် နေမှုနဲ့ ပတ်သက်ပြီး မေလ ၂၄ ရက်နေ့က ပထမဆုံး အကြိမ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးခြင်းနဲ့ နိုင်ငံပိုင် မီဒီယာများမှာ စတင် ဖော်ပြခဲ့ပါတယ်။ 


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်မသိ နေရာပြောင်းရွှေ့ထားမှု စိုးရိမ်မှုများ ရှိနေ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အမည်မသိ နေရာပြောင်းရွှေ့ထားမှု စိုးရိမ်မှုများ ရှိနေ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.