တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား


ဇွန် ၂၁ရက် ၂၀၂၁

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ ရွှေမြေသာယာဈေးတွင်နေထိုင်သူ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သတင်ရရှိသည်။

ယမန်နေ့(ဇွန် ၂၀)ရက် မနက် (၁၁)နာရီခွဲကျော်တွင် YOUTH Computer Tachileik ကွန်ပျူတာ သင်တန်းဖွင့်ထားသည့် ဆရာဦးဟန်မင်းထွန်းကို စစ်ကောင်စီ အုပ်စုက ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူက သျှမ်းသံတော်ဆင့် ကိုပြောသည်။

 " ဖမ်းတာလည်း သူနေတဲ့ အခန်းကို စရဖ နဲ့ ရဲ ကဝင်ပြီး၊ သူကို ထိုးကြိတ်ပြီး ခေါ်သွားတယ်။ အခုထိ သူနဲ့ အဆက်အသွယ် မရသေးဘူး။ ဖမ်းတုန်းက ထိုးကြိတ်တာအပြင် စစ်ကြောရေးပါပို့တယ်ဆိုတော့ စိတ်ပူရပါတယ်" ဟု ၎င်းက ဆိုသည်။

ဆရာဦးဟန်မင်းထွန်းသည် အသက် ၃၃နှစ် အရွယ်သာရှိပြီး၊ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသားဖြန့်ဝေ လှုံ့ဆော်သူ ဟု စွတ်စွဲကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၄၄/၂၀၂၁ ရာဇာသတ်ကြီး ပုဒ်မ  ၅၀၅-က ဖြင့် ယမန်နေ့ ညတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

" ဖမ်းသွားပြီး ဖုန်းကိုယူစစ်တော့  Messenger ထဲက ကနေ Tcl Gen X Y Z Group Chat ကိုတွေ့လို့ အမှုဖွင့်ခံထားရတယ် ဆိုတာကြားရတယ်၊ သူ တော်တော်လေး နှိပ်စက်ခံထားရတယ်" ဟု ဦးဟန်မင်းထွန်း၏  ဝမ်းကွဲညီအစ်ကိုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ရုံးတွင် ပစ်ခတ်ပေါက် ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့တွင်းတွင် လုံခြုံရေးအများအပြားချထားပြီး ဖမ်းဆီးစစ်ဆေးမှုများပြားလာကြောင်း ပြည်သူတစ်ဦးက သျှမ်းသံဆင့်ကိုပြောသည်။  


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.