ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား စကစတပ်က ဖမ်းဆီးခေါ်ဆောင်

Credit: RVAMyanmar

စစ်ကိုင်းတိုင်း၊ ရေဉီးမြို့နယ်၊ ချမ်းသာရွာတွင်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ကက်သလစ်ခရစ်ယာန် ဘုန်းကြီးကျောင်းတွင် လွှတ်တော်အမတ်အား ခိုလှုံခွင့်ပြုထားသည်ဆိုသည့်  သတင်းမှား‌ေပးပို့ ခြင်း ကြောင့် ဇွန်လ ၁၂ ရက် ည၌ စစ်ကား ၈ စီး ၀င်ရောက်လာပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်းအား ဝင်ရောက်စစ်ဆေးခဲ့ပြီး အလည်အပတ်ကြွရောက်နေသော အာဂန္ဓု ဘုန်းတော်ကြီး ၆ ပါးနှင့် ဘာသာဝင်အမျိုးသား တစ်ဉီးအား ခေါ်ဆောင်သွားပါသည်။

 ရွာသားအချို့လည်း နီးစပ်ရာသို့ ညတွင်း ချင်းတိမ်းရှောင်ခဲ့ကြောင်းနှင့် ထိုအထဲတွင် မကျန်းမာသူများလည်းပါ၀င်ကြသည်။

ဇွန်လ ၁၃ ရက် တနင်္ဂနွေနေ့ နေ့လည် ပိုင်းတွင်တော့ ဖမ်းဆီးခံ ဘုန်းတော်ကြီးများမှာ မိမိတို့သတင်းသုံးသည့်ကျောင်းများသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ ကျောင်းထိုင်ဘုန်းတော်ကြီးမှ အတည်ပြုပြောကြားထားပါတယ်။ 

အဆိုပါကိစ္စရပ်သည် သတင်းမှားပေးမှုကြောင့်ဖြစ်ကြောင်း၊ ချမ်းသာ ရွာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ကက်သလစ်ခရစ်ယာန် ဘုန်းကြီးကျောင်းတွင် လွှတ်တော်အမတ်အား ခိုလှုံခွင့်ပြုထားသည်ဆိုသည့်  သတင်းမှားကို တဉီးတယောက်မှ မှားယွင်းတိုင်ကြားသတင်းပို့ ခြင်း ကြောင့် ၀င်ရောက်စစ်ဆေးရခြင်းဖြစ်တယ်လို့ ဆိုပါသည်။

တိမ်းရှောင်သည့် ရွာသူရွာသားအချို့လည်း ဇွန် ၁၃ ရက် နံနက်ပိုင်းမှာရွာသို့ ပြန်လည်ရောက်လာကြပြီဖြစ်ပါသည်။


Zalen 

https://www.facebook.com/zalen.info/

ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား စကစတပ်က ဖမ်းဆီးခေါ်ဆောင် ဒလန်သတင်းပေးကြောင့် ကက်သလစ် ဘုန်းတော်ကြီး ၆ ပါးအား စကစတပ်က  ဖမ်းဆီးခေါ်ဆောင် Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.