မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ မေတ္တာသုတ် ပရိတ်ရွတ်နေချိန် ပစ်ခတ်ခံရမှု ဖြစ်ပွား

မစိုးရိမ်တိုက်သစ် သံဃာတော်များ ဧပြီလ အတွင်းက မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်နေတာ တွေ့မြင်ရစဉ်။ 

မန္တလေး၊ ဇွန် ၂၊ ၂၀၂၁

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ဇွန်လ ၁ ရက်နေ့ည ၈ နာရီ ခွဲခန့်က ဆီမီး ဖယောင်းတိုင်များ ထွန်းပြီး မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်နေချိန်မှာ စစ်တပ်က ရောက်ရှိလာပြီး ပစ်ခတ်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ 

အရင်ဆုံး ဆဲဆိုပြီး သေနတ် တချက် ဖောက်ကြောင်း၊ အဲဒီနောက် အသံဗုံးနဲ့ ပစ်ကြောင်း မစိုးရိမ်တိုက်သစ် သံဃာတော် တပါးကလည်း ဘီဘီစီကို မိန့်ကြားထားပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် သံဃာတော်များ ပြေးလွှားမှုဖြစ်ပွားပြီး သံဃာတပါး ဒဏ်ရာ ရရှိသွားတယ်လို့လည်း ဆိုပါတယ်။

ယခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မစိုးရိမ် တိုက်သစ် နာယက ဆရာတော်ကြီးနဲ့ စစ်တိုင်းမှူးတို့ ဆွေးနွေးမှု ပြုလုပ်ကြောင်းလည်း သိရပါတယ်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေဟာ မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်နေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ 


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ မေတ္တာသုတ် ပရိတ်ရွတ်နေချိန် ပစ်ခတ်ခံရမှု ဖြစ်ပွား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် သံဃာတော်တွေ မေတ္တာသုတ် ပရိတ်ရွတ်နေချိန် ပစ်ခတ်ခံရမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.