ရန်ကုန် အထက်တန်းကျောင်းအချိုက ကိုဗစ်ကူးစက်ခံရသူတွေ ဝေဘာဂီဆေးရုံရောက်လာ

ရန်ကုန်မြို့လယ် စာသင်ကျောင်းတွေက ကျောင်းသားတွေ ကိုဗစ်ကူးစက်ပြီး ၀ေဘာဂီဆေးရုံရောက်လာ

ကိုဗစ် ကူးစက်ခံရသူ ကျောင်းသားကျောင်းသူ ၅ ဦး ဇွန်လ ၁၉ရက်နေ့က မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကို ကုသမူခံယူဖို့ ရောက်လာခဲ့တယ်လို့ အဲဒီဆေးရုံက ကလေးအထူးကု ဆရာ၀န်ကြီး ဒေါက်တာ ခင်ခင်ထားက ပြောပါတယ်။

မနေ့က ဇွန်လ ၁၉ရက် ညနေပိုင်းမှာ ရောက်လာတဲ့ လေးယောက် အနက် သုံးယောက်က ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းက ဖြစ်ပြီး ကျန်တစ်ယောက်က ဒဂုံ အထက ၁ က‌ျောင်းက ဖြစ်တယ်လို့ သိရပါတယ်။

ဝေဘာဂီဆေးရုံရောက်လာတဲ့ ကိုဗစ်ကူးစက်ခံရသူ ကျောင်းသား အများစုဟာ ကျောင်းတက်နေသူတွေဖြစ်ကြပြီး အဲ့ဒီ ‌ကျောင်းသား ကျောင်းသူတွေအနက် တစ်ယောက်ကတော့ မိဘတွေဆီက တစ်ဆင့် ကူးစက်လာတာလို့ ဆိုပါတယ်။

လတ်တလော ဝေဘာဂီ ဆေးရုံကို ရောက်လာတဲ့ ကလေးတွေကို သီးသန့်ခန်းတွေမှာ ထားပြီး ပြုစု ကုသပေးနေတယ်လို့ ဒေါက်တာ ခင်ခင်ထားက ပြောပါတယ်။

ရောက်လာတဲ့ကလေးတွေဟာ များသောအားဖြင့် လက္ခဏာ မပြတဲ့ Asymptomatic တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုအခါ သွေးလွန်တုပ်ကွေးကလည်း အဖြစ်များနေပြီး လူထုအနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး အတွက် ခြင်မကိုက်အောင် စောင့်ရှောက်သင့်သလို မိမိကိုယ်တိုင်လည်း ကိုဗစ် ကူးစက်မှု ကင်းအောင် လိုက်နာ လုပ်ဆောင်ကာ ကလေးတွေဆီ မကူးစက်အောင် ပြုမှု ကျင့်ကြံ နေထိုင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ရန်ကုန် အထက်တန်းကျောင်းအချိုက ကိုဗစ်ကူးစက်ခံရသူတွေ ဝေဘာဂီဆေးရုံရောက်လာ ရန်ကုန် အထက်တန်းကျောင်းအချိုက ကိုဗစ်ကူးစက်ခံရသူတွေ ဝေဘာဂီဆေးရုံရောက်လာ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.