ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော

ရှေ့နေဦးခင်မောင်ဇော်

ထိန်းသိမ်းခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတူနေ မိသားစုဝင်တွေအတွက် ရိက္ခာ ၊ဆေးဝါးနဲ့ငွေကြေးလိုအပ်ချက်တွေရှိတယ်လို့ ပြောကြားချက်နဲ့ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကို ဦးဆောင်သူ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၇ ရက် ရုံးချိန်းအပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုပြန်လည်ပြောပြပေးခဲ့တဲ့အပေါ် လူထုက အလှူငွေတွေပေးပို့ဖို့ကြိုးစားနေတာပါ။

''ဒေါ်မင်းမင်းစိုးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ သူ အခုထိ သူ့စရိတ်နဲ့သူပဲနေနေတယ်ဆိုတာကိုမျှဝေလိုခြင်းပါ။ သူ့ငွေရေးကြေးရေးအခြေအနေကသူနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တဲ့ အခြေအနေပါ ’’ လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

လက်ရှိမှာ ဦးခင်မောင်ဇော်နဲ့ရှေ့နေအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ရဲ့ အမှုကို အခမဲ့လိုက်ပေးနေတာဖြစ်ပြီး ရှေ့နေအကျိူဆောင်သာမက ဘယ်စရိတ်စကကိုမှ လက်မခံဘူးလို့ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီး မည်သည့် ငွေကြေးပစ္စည်းကိုမှ မပေးပို့ကြဖို့ ဦးခင်မောင်ဇော်က မေတ္တာရပ်ခံတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော  ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အကူညီပေးမူတွေကို လက်ခံဖို့မရှိကြောင်း ရှေ့နေပြော Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.