မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြောကြား


တိုင်းပြည်မှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တဖန်ပြန်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ သူနဲ့ သူ့မိသားစုက တသားတည်းရှိနေတယ်လို့ အဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် မစ္စတာ ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ် ဇွန်လ ၁၆ ရက်နေ့က နော်ဝေနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ မစ္စတာ ကင်မ်အဲရစ်က အခုလို သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီစာထဲမှာတော့ မစ္စတာ ကင်မ်အဲရစ်က မြန်မာပြည်သူတွေနဲ့အတူ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကြားမှာ အကောင်းဆုံးသော မွေးနေ့ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်လို့ ရေးသားထားပါတယ်။ ကမ္ဘာတလွှားက လူတိုင်းကလည်း ဒီမိုကရေအရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးဖို့ လိုအပ်ပါတယ် သဝဏ်လွှာထဲမှာ တိုက်တွန်းထားပါတယ်။

နောက်တနှစ် ဒီလိုအချိန် မွေးနေ့အခါသမယမှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မွေးနေ့ဆုမွန်ကောင်းတွေကို လူကိုယ်တိုင် လက်ခံရရှိနိုင်ဖို့ မျှော်လင့်ပြီး အားလုံးဆန္ဒရှိတဲ့အတိုင်း Generation Z မျိုးဆက်တွေလည်း ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခြင်းကို ရယူ အမွေဆက်ခံနိုင်ကြဖို့ အတူတကွ မျှော်လင့်ကြရအောင်ပါဆိုပြီး မစ္စတာ ကင်မ်အဲရစ်က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/letter-from-kim-aris-dassk-youngest-son-06162021142153.html

မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြောကြား မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြောကြား Reviewed by THITHTOOLWIN on 01:27 Rating: 5

No comments:

Powered by Blogger.