ရေဖြူမြို့နယ် သစ်တိုထောင့်ရွာက ရွာသား၂ ဦး အသတ်ခံရ

သတင်းနှင့် ဓာတ်ပုံ DAWEI WATCH

ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ငါးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားစဉ် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

ဒေသခံတွေအပြောအရ အဲဒီ့အမျိုးသားနှစ်ဦးဟာ ထားဝယ် ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်တဲ့ ဘဝါကျေးရွာမှာ ငါးသွားဝယ်ရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေကတော့ သစ်တိုထောင့်ရွာက အသက် ၄၀ နှစ်အရွယ် ကိုဝင်းဇော်ထွေးနဲ့ ၂၃ နှစ်အရွယ် ကိုဟိန်းမင်းကိုတို့ ဖြစ်ကြပါတယ်။

ဇွန်လ ၆ ရက်နေ့မနက် လေးနာရီလောက်မှာ ငါးဝယ်ဖို့ အိမ်ကနေ ထွက်သွားခဲ့ရာမှာ ဘဝါရွာငါးဒိုင်ကို ရောက်မလာသေးဘူးဆိုတာကို ငါးအရောင်းဒိုင်က ဖုန်းဆက်လာချိန်မှ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေတာ သိရကြောင်း ကိုဟိန်းမင်းကိုရဲ့ ဇနီးဖြစ်သူက ပြောတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖုန်းအဆက်အသွယ်မရလို့ ရေဖြူဆေးရုံနဲ့ ရဲစခန်းတို့ကို အကြောင်းကြားခဲ့ကြောင်းနဲ့ ညဘက်ရောက်ချိန်မှာ လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းဓာတ်ပုံကို မြင်တွေ့ခဲ့ရကြောင်း ကိုဟိန်းမင်းကိုရဲ့ ဇနီးက ပြောပါတယ်။

လက်ရှိအချိန်အထိ သူဘယ်နေရာမှာ သေဆုံးခဲ့ပြီး အလောင်း ဘယ်မှာ ရှိသလဲဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ရေဖြူမြို့နယ် သစ်တိုထောင့်ရွာက ရွာသား၂ ဦး အသတ်ခံရ ရေဖြူမြို့နယ် သစ်တိုထောင့်ရွာက ရွာသား၂ ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 18:31 Rating: 5

No comments:

Powered by Blogger.