အဆိုတော်ရေမွန် ကွယ်လွန်


Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ ဒီနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဘာကြောင့် ကွယ်လွန်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ "လူအဂီတ" ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲရာမှာ ပါဝင်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ ရေမွန်ရဲ့ ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာမျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဆုတောင်းပေးထားတာတွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528


အဆိုတော်ရေမွန် ကွယ်လွန်  အဆိုတော်ရေမွန် ကွယ်လွန် Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.