ဟားခါးမြို့ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့


ဇွန်လ ၅ ရက်နေ့ ညနေတွင် ဟားခါးမြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း‌ေကြာင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည့် လူငယ် ၃ ဦး၏ အသုဘအခမ်းနားကို ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ ကာဆင်ဘုရားကျောင်းတွင် ဇွန်လ ၆ရက်နေ့ ယနေ့ ညနေ၂ နာရီတွင် Service စမည်ဖြစ်ပြီး  Service ပြီးပြီးချင်း အသုဘ ချမည် ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့တွင် ဇွန်လ ၅ရက်နေ့၌  ခရိုင်ထွေအုပ်ရုံးရှေ့တွင် ၁ ကြိမ်၊ ဟားခါးမြို့ မြို့သစ်ရပ်ကွက်တွင် ၂ ကြိမ်၊ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ လူ ၄၀ ဝန်းကျင်ဖမ်းဆီးထားကြောင်းလည်း သိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

ဟားခါးမြို့ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့ ဟားခါးမြို့ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ မြို့သစ်ရပ်ကွက်ပေါက်ကွဲမှုတွင် လူငယ် ၃ ဦးသေဆုံးခဲ့ Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.