တပ်မဟာ(၁) တွင်တိုက်ပွဲ( ၄)နေရာဖြစ်၊အကြမ်းဖက်စစ်အုပ်စုမှ (၈ )ဦးကျဆုံး


ဇွန်၊၂၁ ရက်၊ ၂၀၂၁ ခုနှစ်၊ သထုံခရိုင်။ သူးလေသတင်းစဥ်  

ကေအဲန်ယူ- သထုံခရိုင်၊ဘားအံမြို့နယ်အတွင်း အာဏာသိမ်စစ်အုပ်စုနှင့် သထုံခရိုင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁) တို့ ယနေ့ မနက် ၇ နာရီခန့်က ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဘက်ထိပ်တိုက်တွေ့ဆုံမှုကြောင့် သထုံခရိုင် ၊ ဘားအံမြို့နယ်အတွင်း တိုက်ပွဲ(၄)နေရာဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ (၈)ဦးသေဆုံးခဲ့ပြီး (၄) လေးဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ သထုံခရိုင်အတွင်း ဘားအံမြို့နယ်၊ကျိုက်ထိုမြို့နယ်၊သထုံမြို့နယ်၊ဘီးလင်းမြို့နယ် နှင့် မော်စကိုအထူးဒေသတို့ ရှိသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

တပ်မဟာ(၁) တွင်တိုက်ပွဲ( ၄)နေရာဖြစ်၊အကြမ်းဖက်စစ်အုပ်စုမှ (၈ )ဦးကျဆုံး တပ်မဟာ(၁) တွင်တိုက်ပွဲ( ၄)နေရာဖြစ်၊အကြမ်းဖက်စစ်အုပ်စုမှ (၈ )ဦးကျဆုံး Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.