ပုဇွန်တောင်၊ရေကျော်လမ်းမပေါ်က ရပ်ကွက်ရုံးနားဗုံးပေါက်၊ ထိခိုက်သူရှိ


ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်ထဲမှာရှိတဲ့ ရေကျော်လမ်းမပေါ်က အမှတ် ၉ ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ဇွန်လ ၃ဝရက် ညနေပိုင်းကပေါက်ကွဲမူဖြစ်ခဲ့တယ်လို့ ရပ်ကွက်အနီးနားနေထိုင်သူတွေက ပြောပါတယ်။

ပေါက်ကွဲမှု ရပ်ကွက်ရုံးအနီးဂိတ်ထိုးထားတဲ့ ဆိုက်က္ကားဆရာတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

"၃နာရီဝန်းကျင်လောက်ကဖြစ်တာ။ ရပ်ကွက်ရုံးနားလက်ဖက် ရည်ဆိုင်အရှေ့ဘက်ကဖြစ်တာ။ ပေါက်ကွဲသံကနှစ်ချက်ကြားတာ အိမ်ပါတုန်တယ်။ မြင်လိုက်တာတော့ ဆိုက်က္ကားဆရာကိုတော့ လူနာတင်ယာဉ်နဲ့ခေါ်သွားတယ်။ လက်ပြတ်သွားတယ်လို့တော့ပြောတယ်"လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပေါက်ကွဲမူကြောင့်ထိခိုက်ဒဏ်ရာရထားသူရဲ့နောက်ဆက်တွဲအခြေနေကိုတော့အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီပေါက်ကွဲမူဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပေါက်ကွဲမူဖြစ်ပြီး ညနေပိုင်းကတည်း ရေကျော်လမ်းထဲက လက်ဖက်ရည်ဆိုင်တွေမှာထိုင်နေတဲ့လူငယ်တချိူ့ကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ဆေးမူတွေရှိခဲ့တယ်လို့လည်းအနီးနားနေထိုင်သူတွေကပြောပါတယ် ။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ပုဇွန်တောင်၊ရေကျော်လမ်းမပေါ်က ရပ်ကွက်ရုံးနားဗုံးပေါက်၊ ထိခိုက်သူရှိ  ပုဇွန်တောင်၊ရေကျော်လမ်းမပေါ်က ရပ်ကွက်ရုံးနားဗုံးပေါက်၊ ထိခိုက်သူရှိ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.