မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မိုးမောက် အထက

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီက‌နေ့ ဇွန်လ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းက ပရိဘောဂ အချို့ပျက်စီးကာ အနည်းဆုံးတစ်ဦး ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုမှာအလယ်တန်းပြ ဆရာမတစ်ဦး၊ အသက် ၅၄ နှစ်အရွယ် ကျောင်းစောင့်နဲ့ သားဖြစ်သူတို့ ခြေထောက်မှာ မိုင်းစထိမှန်ခဲ့တယ်လို့ဒေသသတင်းတွေက ဆိုပေမဲ့ စစ်ကောင်စီက ထုတ်လွှင့်တဲ့ ရုပ်သံမှာတော့ ကျောင်းသန့်ရှင်းရေးလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။

“ကျောင်းဆောင်အရှေ့လှေခါးအောက်မှာ ပေါက်တာ၊ လှေခါးပါကျိုးသွားတယ်။ မနက် ၉ နာရီခွဲလောက်မှာ ပေါက်တာလို့”လည်းဒေသခံတစ်ဦးကပြောပါတယ်။

ခြေထောက်မှာ မိုင်းထိမှန်ခဲ့သူကို ဗန်းမော် ဆေးရုံသို့ ခေါ်ဆောင်သွားသွားခဲ့ပြီး ကုသမှု ခံယူနေကြောင်းနဲ့ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့တွေက နေရာယူထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ  မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.