လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင်သေဆုံ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သီရိမြိုင် (၁၀)လမ်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်ကြီးဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နေရာတင်မှာတင်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သူဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းပေးတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်နေပြီးအခုလို ပစ်ခတ်ခံရမှုဟာ ဒီသံသယကြောင့် ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပေမယ့်ဘီဘီစီက ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဦးကျော်ကြီး သေဆုံးသွားကြောင်း လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဖြစ်စဉ်နားနေ ပြည်သူ (၅)ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင်သေဆုံ လှိုင်မြို့နယ် (၁၃)ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင်သေဆုံ Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.