သျှမ်းရှေ့ ကျောင်းလုံးခြုံရေးအတွက် ပြည်သူများအလှည့်ကျ ကင်းစောင့်ရ



Share/Bookmark

ဇွန် ၂ရက် ၂၀၂၁

သျှမ်းပြည် အရှေ့ပိုင်းရှိ ကျောင်းလုံခြုံရေးအတွက် ဟုဆိုပြီး  စစ်ကောင်စီမှ ပြည်သူများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ကျောင်းလုံခြုံရေး မစောင့်နိုင်ပါက တရက်လျှင် ကျပ်ငွေ (၈၀၀၀) ပေးဆောင်ရပြီး၊ လူအစားထိုးသွားစောင့်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ က အမိန့်ထုတ်ပြန်ထားကြောင်း သျှမ်းရှေ့ ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

 “ သူတို့ကျောင်းတွေကို သွားစောင့်ခိုင်းနေတာ။ ရဲ နှင့်စစ်သားတွေလဲရှိတယ်စောင့်နေတာ။ သူတို့နဲ့ အတူ စောင့်ရတာ။ မစောင့်နိုင်ရင် တစ်ရက်ကို ၈၀၀၀ ပေးရတယ်။ လူစားထိုးခိုင်းရတာပေါ့” ဟု ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ထိုအပြင် ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်း အထက်တန်း အမှတ် ၅ ကျောင်းကိုပါ ပြည်သူများက သွားရောက်ကင်းစောင့် ပေးနေရကြောင်း၊ ကျောင်းသား မိဘ မဟုတ်သည့် ပြည်သူများလည်း အလှည့်ကျ စောင့်ပေးနေရကြောင်းသိရသည်။ 

“ ကျိုင်းတုံမှာ မစောင့်မနေရ တစ်ရွာကို တစ်ပတ် နှစ်ယောက်စောင့်ခိုင်းပါတယ်။ ကျောင်းသွားအပ်တဲ့ မိဘတွေမှ မဟုတ်ဘူး။ ကျောင်းသားမိဘ မဟုတ်တဲ့သူတွေကလည်း‌စောင့်ပေးရတယ်။ ကိုယ်စရိတ်နဲ့ကိုယ်စောင့်ရတာပါ။ အိမ်ဝေးရင် ထမင်းဗူးနဲ့လာစောင့်ရတယ်” ဟု ကင်းသွားစောင့် သည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်မြို့၊ ကျိုင်းတုံးမြို့၊ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို တို့တွင်လည်း ကျောင်းလုံခြုံရေး သာမက မြို့၊ ဌာန ဆိုင်ရာတွင်လည်း စောင့်ပေးရကြောင်း သိရသည်။

“ ကျနော်တို့ ဒီမှာက မေ ၂၄ ရက်နေ့ကတည်းက စောင့်ပေးနေရတာ။ ဘယ်နေ့ထိစောင့်ပေးရမလည်းမသိသေးဘူး။ မစောင့်နိုင်ရင် လူစားထိုးခိုင်းတယ်။ နောက်လူစားထိုးခ တစ်ရက်ကို ၈၀၀၀ ကျပ်ပေးရတယ်”  ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦး ကပြောသည်။ 

သို့သော် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းတောင်ပိုင်း တွင် ကျောင်းလုံခြုံရေးအတွက် ကင်းစောင့်ပေးရခြင်းမရှိကြောင်း သိရသည်။

“ကျနော်တို့ရပ်ကွက်မှာ ကင်းစောင့်ဖို့ခေါ်တာ မရှိဘူး။  အဓိကတော့ စစ်သားနဲ့ ပြည်သူစစ်စောင့်နေတယ်။ တစ်ချို့က အရပ်ဝတ်တွေနဲ့။ ကျောင်းအပ်တုန်းက တော့ခေါ်တယ်။ ကိုယ်ကလေးတောင်းကျောင်းမထားတာ ဘာလို့သွားစောင့်ပေးရမလဲ” ဟု သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဒေသခံ တစ်ဦး ကပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ၎င်းတို့စေလိုရာအတိုင်းလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ