စစ်ရှောင်တွေအတွက် ရိက္ခာတွေကို ဖျက်စီးတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော



Share/Bookmark

စစ်ရှောင်တွေအတွက် ရိက္ခာတွေကို ဖျက်စီးတာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

စစ်ဘေးရှောင်ပြည်သူတွေဆီ ပို့မယ့် အလံဖြူပါယာဉ်တန်းတွေကိုပစ်ခတ်တာ၊ ရိက္ခာတွေကို ဖျက်စီးတာတွေဟာ လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မူကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ ကူညီပေးဖို့အလံဖြုထောင်ပြီး သွားတဲ့ကယ်ဆယ်ရေးကားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်နေတာတွေ ရိက္ခာတွေကို မီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာနဲ့ပတ်သတ်ပြီး ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မူဖြစ်တယ်လို့ ကရင်နီပြည်နယ်လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာကိုဗညားက ပြောကြားလိုက်တာဖြစ်ပါတယ်။

"ဘက်နှစ်ဘက်တိုက်ပွဲဖြစ်လို့ လူထုတွေ တိမ်းရှောင်နေရတဲ့အပေါ်မှာသိပ်ပြီးတော့ စောဒကတက်စရာမရှိပါဘူး။ ဒါပေမဲ့ အခုလိုရှောင်ပြေးတဲ့အခါသူတို့အတွက်လိုအပ်တဲ့ စားဝတ်နေရေးကိစ္စ၊ ရိက္ခာကိစ္စတွေ ၊ ဆေးဝါးနဲ့နေဖို့ထိုင်ဖို့ လိုအပ်တဲ့ အခင်းမိုးကာတွေ ကိုပို့ဆောင်ပေးနေတဲ့ ယာဉ်တွေကိုပစ်ခတ်တိုက်ခိုက်တာရှိတယ်။ ဖမ်းဆီးနေတာတွေရှိတယ်။ လမ်းကနေပိတ်တာရှိတယ်။ အခုဆိုရင် ရိက္ခာတွေကိုပါ မီးရှို့ဖျက်စီးတယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်နေတဲ့ရာဇဝတ်မူဖြစ်တယ်။ အရမ်းကိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုဖြစ်တယ်လို့မှတ်ချက်ပြုလိုပါတယ်' လို့ သူက ဘီဘီစီကိုပြောပါတယ် ။

လက်ရှိမှာ မေလ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်သူအရေအတွက် တိုးလာသလို ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာပိုယူလာတာကြောင့်စစ်ဘေးရှောင်ရမယ့် နယ်မြေတွေပါ ပိုပြီး ကျဉ်းမြောင်းလာတဲ့အနေထားကိုရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့ပြင် စစ်ရှောင်တွေအနေနဲ့ရာသီဥတုဆိုးရွားမှုကြောင့် ဖျားနာတာတွေ ၊ရိက္ခာပို့ရာလမ်းကြောင်းကို ပိတ်ဆို့ခံရတာတွေကြောင့် စစ်ဘေးရှောင်တွေအတွက် စိုးရိမ်ရတဲ့အနေထားဖြစ်နေပါတယ်။

စစ်ဘေးရှောင်တွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့နဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ လုပ်ငန်းစဉ်တွေ ခွင့်ပြုရေးအတွက်နိုင်ငံတကာကိုတောင်းဆိုဖို့ ရှိတဲ့အပြင် ပြည်သူတွေဆီကို စားနပ်ရိက္ခာပို့ပေးတဲ့လမ်းကြောင်းတွေကိုဖွင့်ပေးဖို့လည်း တောင်းဆိုသွားမယ်လို့ဆိုပါတယ်။

ခုလို ရိက္ခာပို့ယာဉ်တန်းတွေကိုပစ်ခတ်တာ ၊ ရိက္ခာတွေ ဖျက်စီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်အတွင်း ဒီမောဆို ၊ ရှမ်းနဲ့ ကရင်နီနယ်စပ်ဒေသတွေမှာ ဖြန့်ကျက် တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတစ်သိန်းဝန်းကျင်လောက်ရှိနေပြီလို့လည်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ