အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ်

လူထုကို ထိခိုက်အောင် လုပ်ဆောင်မှုတွေကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ကာကွယ်မယ်လို့ ရန်ကုန် PDF အဖွဲ့တွေက ပြောပါတယ်။

ရန်ကုန်မြို့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျောင်းသားပြည်သူတွေကို ထိခိုက်စေတဲ့လုပ်ရပ်တွေ လုံးဝလုပ်ဆောင်သွား မှာမဟုတ်ဘဲ ထိခိုက်မူတွေရှိအောင် လုပ်ဆောင်သူတွေရှိပါကလည်း စောင့်ကြည့်ပြီး အသိပေးသွားမယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီအကြောင်းကိုလည်း ဇွန်လ ၃ ရက်နေ့က စုပေါင်းကြေညာချက်ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်မြိုမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းသားပြည်သူတွေကိုထိခိုက်စေတဲ့ဖြစ်ရပ်တွေဟာလည်း ရန်ကုန်မြိုကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၉ ခုရဲ့လူပ်ရှားမူတွေလုံးဝမဟုတ်ဘူးလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဘီဘီစီက မေးကြည့်ထားပါတယ်။

မေး ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကျောင်းသားပြည်သူတွေထိခိုက်အောင်လုပ်ဆောင်သွားမှာမဟုတ်ဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေလည်းထုတ်လာတာ တွေ့ရပါတယ်။ ဒီလိုတွေမဖြစ်အောင် ဘယ်လိုစဉ်းစားလုပ်ဆောင်နေလဲ သိပါရစေ ။

ဖြေ။ အဓိက ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အာဏာရှင်နဲ့ပတ်သတ်တဲ့အဆက်နွှယ်တွေနေရာပဲပစ်မှတ်ထားပြီး တုံ့ပြန်တာပဲရှိတာပါ ။ အများပြည်သူနဲ့ပတ်သက်တဲ့ ဈေးတွေကျောင်းတွေကို ပစ်မှတ်ထားတာမရှိဘူး။ အဲ့ဒီလိုလုပ်ရင်လည်း စစ်ကောင်စီလက်အောက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကလုပ်တာပဲဖြစ်တယ်လို့လည်းယူဆပါတယ်။

မေး။ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းတွေ ၊ ဆေးရုံတွေအနီးတဝိုက်နဲ့ အများပြည်သူသွားလာနေတဲ့နေရာတွေက ပေါက်ကွဲမှုတွ ထိခိုက်မူတွေနဲ့ပတ်သက်ပြီးတော့ရောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ။ ကျွန်တော်တို့အနေနဲ့သူတို့ရဲ့လူပ်ရှားမူတွေကို မျက်ခြည် မပြတ်စောင့်ကြည့်တာလည်းရှိတယ်။ မသင်္ကာတဲ့ဟာမျိုးဆိုရင် ပြည်သူလူထုကို သတင်းပေးတာတွေလည်းလုပ်ဆောင်နေပါတယ်။

မေး။ ပြည်သူတွေ ထိတ်လန့်မှုတွေရှိနေတာနဲ့ပတ်သက်ပြီးရော ပြည်သူတွေကို ဘာများပြောချင်ပါလဲ။

ဖြေ-ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့အာဏာရှင် စနစ်ပြုတ်ကျရေးကိုသာဦးတည်နေတဲ့အတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သာကာကွယ်သွားမှာဖြစ်တယ်။ အာဏာရှင်စနစ်ပြုတ် အမြစ်ပြတ်သည့်အထိ တော်လှန်တိုက်ခိုက်သွားမယ်။ ပြည်သူတွေကို ကာကွယ်သွားမယ်လို့ ပြောချင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57341145 

အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ် အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို လုံးဝလုပ်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို ထပ်လောင်းပြောချင်ပါတယ် Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.