အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ

အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ အကျဉ်းသားတွေကို ပြန်လွှတ်မယ့်သတင်းကြောင့် လာရောက်စောင့်ဆိုင်းနေကြသူတွေကို ၂၀၂၁ ဇွန် ၂၆ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ တွေ့ရစဉ် / Photo: RFA


အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက လာစောင့်နေခဲ့ကြပါတယ်။

ဒီကနေ့မနက်ပိုင်းကတည်းကနေ ထောင်ဘူးဝအရှေ့တွေကနေ စောင့်နေခဲ့ကြပေမယ့် ညနေ ၄ နာရီ ထိုးတဲ့အချိန်အထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။

ဒီနေ့ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပြီး အရပ်သား ပြည်သူတွေအပေါ်မှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အမြန်ဆုံးရပ်ပေးဖို့နဲ့ တရားမျှတမှုအတွက် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပေးဖို့ နိုင်ငံရေးအကျဉ်းသားများအသင်း AAPP က ထုတ်ပြန်တောင်း ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းတွေအရ ဇွန် ၂၅ ရက် အထိ သေဆုံးသူစုစုပေါင်း ၈၈၁ ယောက်ရှိပြီး အဖမ်းခံထားရသူပေါင်း ၅ ထောင်ကျော်ရှိနေပါတယ်။ ဒါ့အပြင် ဖမ်းဝရမ်းအထုတ်ခံထားရလို့ တိမ်းရှောင်ထွက်ပြေးနေရသူက ၁၉၀၀ ကျော် ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/prisoners-released-06262021065901.html

အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ  အကျဉ်းသားတွေ လွတ်မယ်လို့သတင်းထွက်နေ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.