သာကေတမှာ ရဲ ၂ ဦး ပစ်ခတ်ခံရ

သာကေတမှာ ရဲ ၂ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ သာကေတမြို့နယ်ထဲက မာန်ပြေ ၁၁ လမ်းအနီးမှာ ဒီနေ့ ဇွန်လ ၇ ရက် မနက် ၇ နာရီဝန်းကျင်လောက်က ရဲ ၂ ဦး အပစ်ခံရပြီး တစ်ဦးက ခါးကို ထိသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရသွားသူထဲက ရဲတစ်ဦး သေဆုံးသွားပြီလို ဒေသခံတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့့်ပြောဆိုနေကြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

''မုန့်စားနေတုန်း ဖောက်ကနဲ ဆိုတဲ့အသံကြားလိုက်ပေမဲ့ ထရန်စဖော်မာ ပေါက်တာလားဆိုပြီး အစကတော့ ငြိမ်နေကြတာပဲ။ နောက်ပိုင်းကြမှ ပစ်သွားတယ်ဆိုတာ သိရတော့ အကုန်လုံး ထပြေးကြ၊ လွှားကြဖြစ်ကုန်တယ်။ ရဲနှစ် ယောက် အပစ်ခံရတယ်။ သူတို့ဆိုင်ကယ်လည်း အနားမှာလဲကျနေတာကို မြင်ခဲ့ရတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး လမ်းတချို့ ပိတ်ကာ လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

သာကေတမှာ ရဲ ၂ ဦး ပစ်ခတ်ခံရ သာကေတမှာ ရဲ ၂ ဦး ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 18:29 Rating: 5

No comments:

Powered by Blogger.