မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ပစ်ခတ်လိုက်တဲ့အတွက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ နှစ်ဦး။  Photo: Citizen Journalist

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၈ ရက် မနက်ပိုင်းက စစ်တပ်က ရမ်းသမ်း ပစ်ခတ်လိုက်တဲ့အတွက် လမ်းသွားလမ်းလာ အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့သစ်၊ ( ဋ )ရပ်ကွက်၊ မန်လွယ်လမ်း နဲ့ ရွှေမန်းလမ်းအကြား ၄၉ လမ်း ညာဘက်ခြမ်းမှာ ရှိတဲ့ မြေကွက်တစ်ခုအပေါ် ပိုင်ဆိုင်မှု အငြင်းပွားရာကနေ အဲ့ဒီထဲကတစ်ဦးက စစ်တပ်ကို ခေါ်လိုက်တာကြောင့် ရဲနဲ့စစ်တပ် ရောက်လာပြီး ခြောက်လှန့်ပစ်ခတ်တာကနေ အပြစ်မဲ့အရပ်သားနှစ်ဦး ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မြေအငြင်းပွားတာပေါ့။ အဲ့ဒီနေရာက ကျူးကျော်တွေ များတယ်။အရပ်စာချုပ်တွေနဲ့ ရောင်းဝယ်မှုတွေလုပ်တာ။ အခုလည်း မြေကွက်ပိုင်ဆိုင်မှုကိုအငြင်းပွားရင်းက တစ်ယောက်(အငြင်းပွားသူ)က စစ်တပ်ကို အကြောင်းကြားလိုက်တော့ လာပြီး ရမ်းပစ်တာ" လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ရပ်ကွက်နေပြည်သူတချို့ကတော့ ဖြစ်စဉ်မှာ သေနတ်ထိမှန်ခဲ့တဲ့ အရပ်သားတွေကို စစ်တပ်က ခေါ်သွားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောနေပေမယ့် သေဆုံးမှုရှိမရှိ နဲ့ ပစ်ခတ်ခံလိုက်ရတဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားဆဲဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/civilian-got-injuried-mdy-military-06282021122047.html

မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ  မန္တလေးမှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သား နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 03:04 Rating: 5

No comments:

Powered by Blogger.