အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများပစ်ချ


၁ရက် ဇွန်လ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်

၂၀၂၁ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဝါကလူထာ နှင့် ဖားဂေါ်လိုး အခြေစိုက်တပ်စခန်းများမှ ( တပခ - ခမရ  - ၂၀ ) အကြမ်းဖက်အဖွဲ့တို့သည် မူတြော်ခရိုင် လူသောမြို့နယ် စောမူပလောအုပ်စုအတွင်းရှိ ပြည်သူလူထုများ၏ တောင်ယာခင်း နှင့် လုပ်ငန်းခွင်များထဲသို့ လက်နက်ကြီး ( ၁၂ ) လုံး ပစ်ချခဲ့ပါသည်။



တဖန် ၃၁ ရက်နေ့တွင် ဝါကလူထာတပ်စခန်းမှ အညကမ်းဖက်အဖွဲ့တို့သည် နါးကိုဒေးသို့ ၁ လုံး၊ ထီးလေးခခီးသို့ ၁ လုံး နှင့် ချီးပူခီးသို့ ၁ လုံး စသည့် လက်နက်ကြီးများ ပစ်ချမှုပြုခဲ့ကြပါသည်။

ဒေသခံပြည်သူတစ်ဦးဖြစ်သည့် "စောဘီအဲနာ" က

" အခုလို အကြမ်းဖက်စစ်တပ်အဖွဲ့က လက်နက်ကြီးတွေ ပစ်ချနေတော့ ကျနော်တို့ ဘာမှ မလုပ်ရဲ မလုပ်တတ်တော့ဘူး။ 

အဲဒါအပြင် ကျနော်တို့ပြည်သူလူထုတွေအတွက် စိုးရိမ် ကြောက်လန့်မှုတွေ ဖြစ်တာပေါ့လေ "

ဟု  ပြောပြပါသည်။ 

မူတြော်ခရိုင် လူသောမြို့နယ်အတွင်းတွင် အကြမ်းစစ်အုပ်စုအဖွဲ့တို့သည် နေ့တိုင်းပင် လက်နက်ကြီးများ ရွးသမ်းပစ်ချနေသောကြောင့် ဒေသခံပြည်သူလူထုများအတွက် ပူပင်သောကများနင့်ကြုံတွေ့ရသည်သာမက စိုးရိမ်ထိန့်လန့်မှုနှင့်ရင်ဆိုင်ရပြီး စားဝတ်နေရေးအတွက် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိကြတော့ပါ ဟု သိရှိရပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများပစ်ချ အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများပစ်ချ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.