စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး အဝင်ဝ ဆိုင်းဘုတ် (ဓာတ်ပုံ - Courtesy)

နိုင်ငံတကာဥပဒေတွေကိုအကြီးအကျယ်ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေတိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်မရအောင်လုပ်ဖို့ သိပ်ကိုအရေးကြီးနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ SAC-M ကဒီကနေ့ကြေငြာချက်ထုတ်ပြန်ပါတယ်။

မင်းတပ်၊ ဒီမောဆိုနဲ့ ကင်းမရွာနဲ့ မန္တလေးမြို့အပါအဝင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးတွေမှာ အရင်ကလုပ်ရပ်တွေဖြစ်တဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမှာ ထပ်ပြီးအကျူံးဝင်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင်စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ဒေသတေေွက မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကတော့ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့လည်း ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အာဏာကိုဆုပ်ကိုင်ထိန်းချုပ်ထားနိုင်အောင် နိုင်ငံတဝှမ်းလုံးက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ပြီးတရားလက်လွတ် နှိမ်နှင်းလာတယ်လို့ လည်းကြေငြာချက်မှာပြောထားပါတယ်။

ဥပဒေမဲ့သတ်ဖြတ်တာတွေ၊ အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းတာတွေ၊ မဆင်မခြင်ဖမ်းဆီးတာတွေ၊ မုဒိန်းမှုကျူးလွန်တာတွေနဲ့ လူမြင်ကွင်းမှာ ရိုက်နှက်တာမျိုးလို ရာဇဝတ်မှုမြောက်တဲ့ ရမ်းကားတဲ့လုပ်ရပ်တွေကိုနေ့စဉ်ကျူးလွန်နေတဲ့ခိုင်လုံတဲ့သတင်းတွေရထားတယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့သီတင်း ၆ ပတ်အတွင်း ကိုယ့်ဒေသကို ကာကွယ်ကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီဖက်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကပါထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့လည်းပြောထားပါတယ်။ ဒီလုပ်ရပ်တွေဟာ နိုင်ငံတဝှမ်းစစ်ဆင်ရေးတွေမှာ စစ်တပ်က ဆယ်စုနှစ်နဲ့ချီ လုပ်နေကျပုံစံတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဆီတင်ပြဖို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/violence-in-Myanmar-military-junta-committed-crimes-icc-/5948087.html

စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.