စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုင်းလုံးတွင်ပြည်သူတစ်ဦး သေဆုံး


ဓာတ်ပုံ - CJ

ဒီကနေ့ ဇွန်လ ၄ရက်နေ့ နေ့ခင်း ၁နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လွိုင်ကော်မြို့လမ်းမကြီး နဲ့ ရပ်ကွက်လမ်းကြားအထိ မြင်တွေ့သူတွေကို ရမ်းသမ်းပစ်ခတ်နေပြီး မိုင်းလုံးရပ်ကွက်မှာ ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။

" ၁နာရီဝန်းကျင်မှာပေါ့ အသံကြားလိုက်တယ် လမ်းမကြီးမှာ သေနတ်ပစ်သံတွေ။ လမ်းကြားကနေ ဦးလေးတစ်ယောက် ဆိုင်ကယ်စီးပြီးတက်သွားတာတွေ့လိုက်တယ် လမ်းမကြီးမှာ ပစ်နေတယ်ဆိုတာသူမသိဘူးထင်တယ်။ မကြာဘူး လမ်းထိပ်ရောက်တာနဲ့ သေနတ်ပစ်သံကြားရတော့တာပဲ အချက်ရေများတယ်။ ခုတော့ ပွဲချင်းပြီး သေသွားတယ်။ သေနတ်ဒဏ်ရာကတော့ ဗိုက်မှာတစ်ချက် ခေါင်းမှာလည်းထိတယ်။ လမ်းမှာတော့ သွေးတွေပဲ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသက်၃၀ ကျော်အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်နေသလို အိမ်အချို့ကိုလည်း ဖောက်ထွင်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုင်းလုံးတွင်ပြည်သူတစ်ဦး သေဆုံး စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်သဖြင့် မိုင်းလုံးတွင်ပြည်သူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.