တာမခန်တွင် စစ်ကောင်စီတပ်က လူနေအိမ်များတွင် သေနတ်​ဖောက်ကာ ဝင်စီးနေ



Share/Bookmark


ဖားကန့်၊ တာမခန်တွင် ရဲနှင့် စစ်သားအင်အား ၃၀ ခန့်က အိမ်စီးကား ၃စီးဖြင့်ယ​နေ့ ၂နာရီခွဲအချိန်တွင်ရောက်လာပြီး သေနတ်ဖောက်ကာ လူနေအိမ်အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

"အခု..အခု ရွာအတွင်းမှာ သေနတ်လာဖောက်နေတယ်။ အကြိမ်ရေမတွက်နိုင်တော့ဘူး။ အချက်ရေတွေအများကြီးဘဲ။ နားနားပြီးပစ်​နေတာ အထက်က အမိန့်ဆို​ပြီး။ တစ်ချို့က အရမ်းကြောက်နေတယ်"ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

အာဏာရှင်ဆန့်မှုတွင် ပါဝင်သည့် ပြည်သူတစ်ချို့က ရှောင်ပုန်းနေရသည်ဟု ဆက်ဆိုသည်။

အစဥ်မပြတ် အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြထုတ်ဖော်နေသည့် အတွက် လာရောက် ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ