ရန်ကုန်မှာ စစ်ဆေးမှုလုပ်ရင်း ဖုန်းတွေကို ဖျက်ဆီးမှုတွေရှိ


ရန်ကုန်မြို့တွင်းစစ်ဆေးမူတွေလုပ်ရင်း ပြည်သူတချို့ရဲ့ မိုဘိုင်းဖုန်းတွေကိုပါ ဖျက်ဆီးမူတွေရှိနေလို့ဇွန်လ ၂၄ ရက်နေ့မနက်ပိုင်းက လမ်းမှာအစစ်ဆေးခံရသူတွေက ပြောပါတယ်။

" ကားပေါ်ကဆင်းလာပြီးပြီးချင်း အိတ်ကိုစစ်တယ် ။ ပြီးတော့ ဖွင့်ပြခိုင်းပြီး အထဲမှာဆန္ဒပြထားတဲ့ ဓါတ်ပုံတွေ့တော့ သေနတ်နဲ့ဝိုင်းပြီးထုချေကြတယ်။ ပါးစပ်ကလည်းပြောသေးတယ် အခုတော့ အမေလည်းမကယ်နိူင်တော့ဘူးမဟုတ်လားဆိုပြီး "ပြောဆိုတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့သူတ်ဦးက ဘီဘိစီကိုပြောပါတယ်။

ဒီနေ့ဇွန်လ ၂၄ ရက်မနက်ကမာရွတ်လှည်းတန်းနဲ့ရန်ကုန်မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမူတွေတင်းကြပ်ခဲ့ပြီး Food Panda ကအစားသောက်ပို့ဆောင်သူတွေ၊ အနှေးယာဉ်မောင်းတွေနဲ့လူငယ်တွေကို စစ်ဆေးနေတဲ့ပုံတွေလည်း လူမူကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပါတယ် ။

ဖုန်းတွေ အထုခံရလို့ ကွဲသွားကြောင်းဘီဘီစီကို ဓာတ်ပုံနဲ့တကွ ပေးပို့ကြတာရှိပြီး ဘီဘီစီ က စစ်ကောင်စီဘက်ကို ဆက်သွယ်အတည်ပြုလို့‌တော့မရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

ရန်ကုန်မှာ စစ်ဆေးမှုလုပ်ရင်း ဖုန်းတွေကို ဖျက်ဆီးမှုတွေရှိ ရန်ကုန်မှာ စစ်ဆေးမှုလုပ်ရင်း ဖုန်းတွေကို ဖျက်ဆီးမှုတွေရှိ Reviewed by THITHTOOLWIN on 05:59 Rating: 5

No comments:

Powered by Blogger.