ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်​ကောင်စီတပ်များ တပ်စွဲထား


28 June 2021 - Kachinwaves 

ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်ကောင်စီတပ်များသည် ယနေ့ ဇွန်၂၈ရက် နံနက်ပိုင်းတွင် လက်နက်ကြီးလက်နက်ငယ်များတပ်ဆင်ကာ ရွာအနှံ့တွင် ကင်းချ၍ တပ်စွဲထားကြောင်း သိရသည်။

မိုးစစ်ကျေးရွာတွင် စစ်ကောင်စီစစ်အင်းအား (၁၀၀)ကျော်ခန့်က တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ရွာသားအချို့  ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာသားတစ်ချို့ ထိမ်းရှောင်နေကြတယ် အခင်းသမားအုတ်လုပ်တဲ့သူတစ်ချို့ ထွက်ပြေးသွားကြတယ် ရွာထဲမှာလည်း ရှိတယ် ရွာနောက်မှာလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဇွန် ၁၁ရက်နေ့ကလည်း မိုးစစ်ကျေးရွာ တစ်ခုလုံးကို ကင်းချထားပြီ အဝင်အထွက်ဂိတ်များ ပိတ်ကာ စစ်ဆေးခဲ့ပြီး ကျေးရွာရှိ အိမ်များတွင် ဝင်ရောက်၍ အိမ်ထောင်စုစာရင်းများ ကောက်ယူခဲ့​ကြောင်း သိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်​ကောင်စီတပ်များ တပ်စွဲထား ရွှေကူမြို့နယ်ရှိ မိုးစစ်ကျေးရွာတွင် စစ်​ကောင်စီတပ်များ တပ်စွဲထား Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.