ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်ခတ်ခံရပြီးသေဆုံးကြောင်း USDP ပါတီအတည်ပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင်ဟာ ဒီနေ့ ဇွန် ၁၀ ရက် ညနေပိုင်းမှာ ဗိုလ်တထောင်စေတီအနီးမှာ လဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

"သူ ဒီညနေ လေးနာရီမှာ ဗိုလ်တထောင်ဘုရားနားက လဘက်ရည်ဆိုင်မှာထိုင်နေတုန်း ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။ ပစ်ခတ်သူကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်" လို့အထက်ပါပုဂ္ဂိုလ်က ဘီဘီစီကိုပြောပါတယ်။

ဦးနေမျိုးအောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အငြင်းပွားမှုတွေရှိခဲ့တယ်လို့ NLD ပါတီက တိုင်ကြားခဲ့တဲ့နောက် ကော်မရှင်က အငြင်းပွားမှုကိုစစ်ဆေးခဲ့ပြီး NLD ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ  ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.