မြန်မာ့ရုပ်မြင်သံကြားနှင့်မြ၀တီရုပ်သံအတွက်သတင်းရိုက်ကူးရေးလုပ်ဆောင်စဥ်စျေး၀ယ်ပြည်သူတချို့ထိတ်လန့်ပြီးပြေး


မင်းတပ်မြို့ မြို့မစျေးကိုစျေးတာ၀န်ရှိသူများကယနေ့ဇွန်လ ၂၉ ရက်နံနက်ပိုင်းတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးစျေးရောင်းစျေး၀ယ်များဖြင့်စည်ကားနေစဥ်နေ့လည်ပိုင်းတွင် MRTV နှင့် မြ၀တီရုပ်သံတွင်ထုတ်လွှင့်ပြသရန်စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဓာတ်ပုံမှတ်တမ်းရိုက်ကူးရေးလုပ်နေချိန်တွင် စျေး၀ယ်နေသည့် ပြည်သူတချို့ ထိတ်လန့်ပြီးပြန်ပြေးသွားကြောင်းမင်းတပ်ဒေသခံများကလူမှုကွန်ရက်တွင်ရေးသားထားသည်။

စစ်ကောင်စီ တပ်များပြန်သွားပြီးနောက် ပြည်သူများစျေး အရောင်း အဝယ် ပြန်လုပ်ကြကာ ညနေ ၃ နာရီ၀န်းကျင်တွင်စျေးပိတ်ခဲ့ကြောင်းသိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်မင်းတပ်မြို့နယ်တွင်ဧပြီလမှစပြီးစစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသခံChinland Defense Force(CDF)အဖွဲ့အကြားတိုက်ပွဲဖြစ်ပွားခြင်းကြောင့်မင်းတပ်မြို့မစျေးကိုပိတ်ထားသည်မှာကြာမြင့်ပြီဖြစ်ပြီးယနေ့ဇွန်လ ၂၉ ရက် ၁ ရက်ကိုသာပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


Chin World 

https://www.facebook.com/chinworldmedia/

မြန်မာ့ရုပ်မြင်သံကြားနှင့်မြ၀တီရုပ်သံအတွက်သတင်းရိုက်ကူးရေးလုပ်ဆောင်စဥ်စျေး၀ယ်ပြည်သူတချို့ထိတ်လန့်ပြီးပြေး မြန်မာ့ရုပ်မြင်သံကြားနှင့်မြ၀တီရုပ်သံအတွက်သတင်းရိုက်ကူးရေးလုပ်ဆောင်စဥ်စျေး၀ယ်ပြည်သူတချို့ထိတ်လန့်ပြီးပြေး Reviewed by THITHTOOLWIN on 19:17 Rating: 5

No comments:

Powered by Blogger.