မကွေးထောင်ကလွတ်သူတွေထဲ ကိုလျှံဖြိုးအောင်မပါဝင်


မကွေးအကျဉ်းထောင်ထဲက ဒီနေ့ ဇွန် ၃၀ ရက်မှာ ပြန်လည် လွတ်မြောက်သူတွေထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်ဖမ်းဆီလို့ မျက်လုံးနဲ့လက်တစ်ဖက် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်မပါဝင်ဘူးလို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၇ ရက်နေ့က မကွေးစစ်ဆေးရုံကနေ ဆင်းလာချိန်မှာ မကွေးထောင်ထဲကို ပို့ဆောင်ခံခဲ့ရပါတယ်။ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

လက်ရှိမှာ ကိုလျှံဖြိုးအောင်ဟာ ဆေးဆက်လက်ကုသခွင့်ရဖို့၊ အချုပ်လွတ်(အာမခံ)ရရှိဖို့ လျှောက်ခဲ့တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မကွေးထောင်ကလွတ်သူတွေထဲ ကိုလျှံဖြိုးအောင်မပါဝင် မကွေးထောင်ကလွတ်သူတွေထဲ ကိုလျှံဖြိုးအောင်မပါဝင် Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.