ပြင်ဦးလွင် အနီးစခန်း လေဆိပ် ဆင်းမယ့် တပ်မတော် လေယာဉ် ၁ စင်း ပျက်ကျပြီး ၁၂ ဦး သေဆုံးမှု ဖြစ်ပွား

ဓာတ်ပုံ - အင်တာနက် စာမျက်နှာ

ပြင်ဦးလွင်၊ ဇွန် ၁၀၊ ၂၀၂၁

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ်ကို ဆင်းသက်မယ့် တပ်မတော် လေယာဉ် ၁ စင်း ဒီနေ့ မနက်ပိုင်း ၈ နာရီ ခန့်က ပျက်ကျမှု ဖြစ်ပွားကြောင်း သတင်း ရရှိပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသူ ၁၄ ဦးထဲမှ ၁၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ အသက်ရှင် ကျန်ရစ်ကြောင်း သတင်းတွေ ဖော်ပြချက် အရလည်း သိရပါတယ်။

အဆိုပါ လေယာဉ်မှာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သုံးတောင် ကျေးရွာအုပ်စု ကျောက်ဖျာဒိုး ကျေးရွာမှာ ဆောက်လုပ်မယ့် မဟာ ဝိသုတာရာမ စျေးကုန်း ပရိပတ္တိ စာသင်တိုက်ကြီး ပန္နက်တော်တင် အခမ်းအနား ကျင်းပဖို့ နေပြည်တော်မှ မနက် ၇ နာရီခန့်က ထွက်ခွာလာခြင်း ဖြစ်ပြီး လေယာဉ်ပေါ်မှာ စျေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာ နဲ့ အလှူရှင် ၈ ဦး၊ လေယာဉ် အမှုထမ်း ၆ ဦး လိုက်ပါလာကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာ မောင်ပိုင်ဘုန်းပြည့်နဲ့ တပ်ကြပ်ကြီး ကောင်းစံ တို့ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသ ပေးလျက်ရှိကြောင်း အွန်လိုင်းပေါ် ရောက်ရှိလာတဲ့ တပ်မတော် ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းအရင်းမှာ ရာသီဥတု ဆိုးရွားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ပြင်ဦးလွင် အနီးစခန်း လေဆိပ် ဆင်းမယ့် တပ်မတော် လေယာဉ် ၁ စင်း ပျက်ကျပြီး ၁၂ ဦး သေဆုံးမှု ဖြစ်ပွား ပြင်ဦးလွင် အနီးစခန်း လေဆိပ် ဆင်းမယ့် တပ်မတော် လေယာဉ် ၁ စင်း ပျက်ကျပြီး ၁၂ ဦး သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.