မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန်


ဒီမနက် ဖြစ်ခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်မှုမှာ PDF ဘက်က သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က အပြင်းအထန်ဒဏ်ရာရသူတချို့ရှိခဲ့ပြီး PDF က ၄ ဦးသေဆုံး၊ ၈ ဦးကို လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီမနက်ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ၅၃ လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေကို အိမ်စီးကားပေါ်ကနေ ပစ်ခတ်ခဲ့ လိုက်ဖမ်းရင်း ၅၆ လမ်းနဲ့ လမ်း ၁၁၀ က ထရန်စဖော်မာကို တိုက်မိပြီး ကားပေါ်က လူ ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

PDF ဘက်က လက်နက်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင် တိုက်ခိုက်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

သူတို့ရဲ့ ပျောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သူတို့ရဲ့ လူမှုကွန်ရက်မှာ မနက်က ကြေညာပါတယ်။

ဒါ့အပြင် ထိုးစစ်ဆင်ခံရတာမို့ အကူအညီပေးကြဖို့ ပြည်သူကို အကူအညီတောင်းခံခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန် မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန် Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.