အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ချမှတ်ဖို့ရှိ

အီးယူနိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ဥရောပသမဂ္ဂဘက်က ချမှတ်ဖို့ ရှိတယ်လို့ အီးယူနိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီအရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အီးယူဘက်က ချမှတ်တဲ့ တတိယအကြိမ်မြောက် အရေးယူမှုလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ဗိုလ်ချုပ်တွေအပါအဝင် စစ်တပ်ပိုင် စီးပွားရေး အကျိုးစီးပွားတွေကို ကိုယ်စားပြုတဲ့ လုပ်ငန်းတစ်ရပ်လုံးကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ မကြာမီရက်ပိုင်းအတွင်း ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း မစ္စတာ ဘိုဝဲလ်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ် ၂၁ ဦးနဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ကိုင်နေတဲ့ အရပ်သားတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ သူတို့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်တာတွေကို အီးယူဘက်က ချမှတ်ထားပါတယ်။

အီးယူ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါတဲ့သူတွေကို ငွေကြေးထောက်ပံပေးမှုတွေကိုလည်း တားမြစ်ထားပါတယ်။

ဧပြီလတုန်းက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ ပါဝင်တဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL ၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ကုမ္ပဏီတွေနဲ့ အီးယူ ရင်းနှီးမြှုပ်နှံ့သူတွေ၊ ဘဏ်တွေ စီးပွားရေး လုပ်ဆောင်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ချမှတ်ဖို့ရှိ  အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ အီးယူ ချမှတ်ဖို့ရှိ Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.