မြဝတီမြို့အထက-(၁)ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ။


ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်လမ်းမကြီး အထက(၁)ကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦး၊သတ္တမတန်း နှင့် Gread. 1 မှ ကျောင်းသား ၂ ဦးထံ Covid. 19 ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်၊

ယင်း အလယ်တန်းပြ ဆရာမနှင့် ကျောင်းသား ၂ ဦးသည် မနေ့ကဇွန် ၂၈ ရက်နေ့၌ မြဝတီခရိုင်ဆေးရုံ၏ ဆေးစစ်ချက်အရ Covit-19 ရောဂါပိုး တွေ့ရှိခဲ့တာပါ။

"ကိုဗစ် ပိုး တွေ့ရှိတဲ့ အလယ်တန်းပြ ဆရာမက ပြီးခဲ့တဲ့ တပတ်ခန့်လောက် ကတည်းက နေမကောင်းဖြစ်လို့ ခွင့်ယူနေတာပါ။ ဇွန်လ ၂၈ ရက်နေ့ မြဝတီခရိုင်ဆေးရုံ၏ ကျန်းမာရေး စစ်ဆေးမှုအရ Covid. 19 ရောဂါပိုး တွေ့ရှိရတာပါ။  သတ္တမတန်း နှင့် Gread. 1 ကျောင်းသား ၂ ဦး မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့  အထက(၁)ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ကျောင်းမှာ ကိုဗစ်ပိုးတွေ့ လူနာရှိပေမယ့် လက်ရှိမှာတော့ ကျောင်းပိတ်ထားခြင်းတော့ မရှိသေးပါဘူး။ လူနာတွေနဲ့ အနီးကပ်ထိတွေ့နိုင်တဲ့သူတွေကိုတော့ ကျန်းမာရေး စောင့်ကြည့်မှုသာ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ထိုသို့ မြဝတီမြို့ အထက (၁) ကျောင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု နှင့် ပတ်သက်၍  "ဒီလောက် ကိုဗစ် ဖြစ်နေတာတောင် သတင်း အမှောင်ချပြီး ကျောင်းက ဖွင့်တုန်းဘဲ။ ပညာရေးကအရေးကြီးတယ် ဆိုပေမယ့်လဲ ကိုယ့်ရဲ့ သားသမီး ကျန်းမာရေးအတွက် စိတ်မချရတဲ့ အခြေအနေမို့ ခလေးတွေကို လတ်တလောမှာ ကျောင်းပေး မသွားတော့ဘူး ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် လက်ရှိ Covid. 19 အတည်ပြုလူနာ ၅၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

မြဝတီမြို့အထက-(၁)ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ။ မြဝတီမြို့အထက-(၁)ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ။ Reviewed by THITHTOOLWIN on 19:19 Rating: 5

No comments:

Powered by Blogger.