၂၁ မိုင်ဂိတ်အား ​ကေအိုင်​အေ တိုက်



Share/Bookmark

30 June 2021 - Kachinwaves 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာရှိ စစ်ကောင်စီတပ် ၂၁မိုင်ဂိတ်ကို ယနေ့နံနက် ၅နာရီခန့်တွင် ကေအိုင်အေမှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

​ကေအိုင်​အေမှ သွား​ရောက်ပစ်ခတ်ခဲ့သည်ဟုသိရပြီး အ​သေးစိတ်ကို​​ မသိရ​သေး​ကြောင်း ​ကေအိုင်အို သတင်းနှင့်ပြန်ကြား​ရေး တာဝန်ခံ ဗိုလ်မှူးကြီး ​နော်ဘူက​ပြောသည်။

စစ်ကောင်စီတပ်များသည် ကေအိုင်အေတပ်ရှိရာ တောင်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

"မိနစ်၂၀လောက်ရှိပါတယ် တပ်ကနေအမြောက်တွေပစ်ပြီး မကြာဘူး ပြန်ဆုတ်သွားတယ်ထင်တယ်။ တပ်က တောင်ဘက်တွေကို အ​မြောက်တွေနဲ့ပစ်ပါတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ဂိတ်​စောင့်သည့် စစ်​ကောင်စီရဲတစ်ဦးနှင့် ၂၁ မိုင်ဂိတ်အနီးတွင်စျေး​ရောင်းသည့် ပြည်သူတစ်ဦး ​သေဆုံး​​ကြောင်း သိရသည်။ကားတစ်စီးလည်း မီး​လောင်ခဲ့​ကြောင်းလည်း သိရသည်။ 

စစ်ကောင်စီတပ်မှ အ​မြောက်ဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူတစ်ဦး၏ အိမ်တွင်လည်း လက်နက်ကြီးကျ​ခဲ့ကြောင်း သိရသည်။ 

ခရီးသွားပြည်သူများအား  ၁၀နာရီခွဲအချိန်မှ စတင်ပြီး ဖြတ်သန်းသွားခွင့် ပြန်လည် ခွင့်ပြု​​ပေးခဲ့ပြီဖြစ်​ကြောင်း သိရသည်။



Kachinwaves 

https://www.facebook.com/kachinwavesnews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ