မြောင်မြို့နယ်ထဲမှာ ပရဟိတအဖွဲ့က လူငယ် ၃ ဦး အသတ်ခံရ

 မြောင်မြို့နယ်ထဲမှာ ပရဟိတအဖွဲ့က လူငယ် ၃ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်၊သနပ်ကုန်းကျေးရွာအနီးမှာ ရေစကြိုမြို့နယ် သာဂေါင် စံပြ ပရဟိတအဖွဲ့ ကားပေါ်က လူငယ်(၃)ဦးဇွန် (၁၉)ရက်နေ့ ညနေ ငါးနာရီခွဲအချိန်လောက်က အသတ်ခံခဲ့ရတယ်လို့ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အသတ်ခံရတဲ့သူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပြီးတော့အဲ့ဒီနားမှာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက သေနတ်သံတွေကြားအပြီးမှာ သူတို့ကို သေနတ်ဒဏ်ရာတွေနဲ့ သူတို့ ပရဟိတကားကို လမ်းဘေးမှာ တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း သူပြောပါတယ်။

‌ဒေသခံတွေအချို့ကတော့ တိုက်ပွဲဖြစ်တယ်မှတ်ပြီး ထွက်မကြည့်ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စံပြ ပရဟိတ အဖွဲ့ဟာ မကွေးတိုင်း ရေစကြိုမြို့နယ် သာဂေါင် ကျေးရွာက ဖြစ်ပြီးတော့ အဆိုပါ ပရဟိတအဖွဲ့က လူငယ် (၃)ဦးဟာ ရေစကြိုမြို့ကနေ အပြန်မှာ မြောင်မြို့နယ် သနပ်ကုန်း ကျေးရွာ အနီးမှာ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်က ကျေးရွာဖြစ်သလို မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်မြို့ချင်း စပ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အခုအခါမှာ တော့ အခင်းဖြစ်တဲ့နေရာကို မြောင်ရဲစခန်းကရောက်လာပြီး စိစစ်မှုတွေလုပ်နေကြောင်းလည်း သိရပါတယ်။

ဘာကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ဘယ်အဖွဲ့တွေက ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဒေသခံတွေဘက်က မသိရသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မြောင်မြို့နယ်ထဲမှာ ပရဟိတအဖွဲ့က လူငယ် ၃ ဦး အသတ်ခံရ  မြောင်မြို့နယ်ထဲမှာ ပရဟိတအဖွဲ့က လူငယ် ၃ ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 20:50 Rating: 5

No comments:

Powered by Blogger.