မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့


မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်း မုံရွာတောင် ဇက်ဆိပ်အနီးမှာ ယနေ့ (ဇွန်-၂၈)ရက် မနက်က လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ မုံရွာမြို့က လူမှုကူညီရေး အသင်းက တစ်ဆင့််သိရပါတယ်။

သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာကို အခုချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

မုံရွာမြို့အနီး ချင်းတွင်းမြစ်ဆိပ်တွေက အခု အမျိုးသား အလောင်းအပါအဝင် တစ်ပတ်အတွင်း လူသေအလောင်း ၃လောင်း ဆယ်ယူခဲ့ရရှိခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီ‌က သိရပါတယ်

ဇွန်-၂၆ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း တိုင်းလွှတ်တော် နဲ့ဂေါက်ကွင်းကြား ချင်းတွင်းမြစ်အတွင်းက အမျိုးသားအလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ပါတယ်။

ဇွန်-၂၃ မနက်ကလည်း ဘုရားကြီးရပ် ချင်းတွင်း မြစ်ဆိပ်မှာ အမျိုးသမီးတစ်ဦးအလောင်းကိုဆယ်ယူရရှိခဲ့ပါတယ်။

အလောင်းတွေဟာ ပိုင်ရှင်မပေါ်တဲ့ အလောင်းတွေဖြစ်တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့ မုံရွာမြစ်ဆိပ်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့ Reviewed by THITHTOOLWIN on 02:57 Rating: 5

No comments:

Powered by Blogger.