တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး



Share/Bookmark

တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်တိုင်း တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ရဲတစ်ဦး ပစ်သတ်ခံရအပြီး ၂၀၂၁ ဇွန် ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေစဉ် / Photo: CJ

ရန်ကုန်တိုင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းအနီး မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၂၉ ရက်၊ ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရ ပါတယ်။

သေနတ်နဲ့ပစ်သတ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲအထိ သေနတ်တွေနဲ့ ပြန်ပြီး လိုက်လံပစ်ခတ်ကာ လမ်းတွေကိုလည်း ပိတ်ဆို့တားဆီးကာ စစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ဒီဘက် အဝေရာထိပ်နားက စီးပွားရေးရုံးအရှေ့မှာ ရဲတစ်ယောက် အသတ်ခံရတယ် ကြားတယ်။ အဲလိုကြားပြီးနောက်မှာ သေနတ်ပစ်သံအချို့ကြားတယ်။ အဲဒါပြီးတော့ ဒီဘက်မှာ လမ်းပိတ်တာတွေ လုပ်တယ်။ တာမွေက အရှေ့မြင်းပြိုင်ကွင်းလမ်းရယ်၊ တောင်မြင်းပြိုင်ကွင်းလမ်းရယ်။ အဝေရာထိပ် စခန်းနားမှာလည်း လမ်းတွေပိတ်ထားတယ်လို့ ပြောတယ်“

တာမွေ ၁၆၄ လမ်းအနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ကားတွေကိုလည်း ရပ်တန့်စစ်ဆေးနေ တယ်လို့ ဆိုပါတယ်။ ရပ်မပေးတဲ့ ကားတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလုပ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ RFA က ဆက်ပြီးစုံစမ်းနေ ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လဝက ရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲဝင်တွေက ရပ်ကွက်ထဲကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မှာပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်လာနေတာကြောင့် စစ်ကောင်စီ တပ်တွေကလည်း နေရာအနှံ့မှာ လမ်းပိတ်စစ်ဆေးမှုတွေ ပိုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/police-shot-dead-in-tamwe-06292021043220.html 



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ