မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို


စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့ပေါ်နေပြည်သူများ အခြေခံစားသောက်ကုန်  ဆန်၊ဆီ၊ဆား ပြတ်လပ်မည့် အခြေနေနှင့် ကြုံတွေ့ရကြောင်း ဒေသခံများထံကသိရပါသည်။

မင်းတပ်မြို့ပေါ်တွင်  စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အို၊ ကလေးငယ် အပါဝင်လူဦးရေ တစ်ထောင်ဝန်းကျင် လူဦးရေ ကျန်ရှိကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးက `  ဒီမြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက စျေးဆိုင်တွေ ပိတ်ထားတာ ၁ လပြည့်တော့မယ် အခုဆို စားဖို့အခက်ခဲလာတယ် ဆန်လည်း ပြတ်တော့မယ့် အခြေနေ ဖြစ်နေတယ် ဆန်ပြတ်သွားရင် မြို့ပေါ်မှာ ပိတ်မိသူတွေ နေဖို့ဖွင့်ထားတဲ့ နေရာကို နေဖို့နောက်ဆုံးအဆင့် ကြိုတင် ပြင်ဆင်ထားတယ်"ဟုပြောသည်။

မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲစဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ရေများဖြတ်တောက်ခံရပြီး စမ်းရေများကို အသုံးပြုရကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံတစ်ဦးက `မြို့ပေါ်မှာက အိမ်တစ်အိမ်မှာ ဆန်တစ်အိတ်ရှိရင် ၁ လလောက်စားလို့ရတယ် အများစုကလည်း စစ်ဘေးရှောင်ကြတာဆိုတော့  အခု စစ်ဘေးရှောင်နေတဲ့သူတွေက ထမင်းကိုလည်း ခွဲဝေပြီးစားကြရတဲ့ အခြေနေဖြစ်တယ်"ဟုဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် မြို့ပေါ်မှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဒေသခံ ထောင်ချီ ရှိခဲ့ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုများ လိုအပ်ကြောင်းသိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံခဲ့ရသည့် မင်းတပ်မြို့တွင် သေနတ်သံများလည်း မကြာခဏ ကြားရကြောင်းလည်း ဒေသခံများကပြောသည်။

လက်ရှိမင်းတပ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mindat - CDF နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853

မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို မင်းတပ်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ပြတ်လပ်ဖွယ်အရေးနှင့် ကြုံရဖွယ်ရှိဟုဆို Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.