ရွှေကူမြို့အနီး မြစ်ကမ်းဘက်သို့ အာဏာသိမ်းစစ်တပ်က သင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်နေ


June 2, 2021/ Kachin News Group

ကသာမှ ရွှေကူမြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ သင်္ဘောတစ်စီးသည် ရွှေကူမြို့ ကျောက်ကြီးနှင့် သာယာကုန်းကျေးရွာကြားရောက်ချိန် မြစ်ကမ်းဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

KIA က သွားရောက်ပစ်ခတ်ခြင်းမဟုတ်နိုင်ကြောင်းနှင့် စစ်တပ်ဘက်ကသာ ကမ်းဘက်သို့ ပစ်ခတ်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက အကြောင်းကြားလာသည်။

“အခုပစ်နေတုန်း... အခု ပစ်နေတုန်....သေနတ်သံတွေကော လက်နက်ကြီးသံကော ကြားနေရတယ်။ သင်္ဘောပေါ်မှာ သိပ်မပါလာဘူး အယောက် ၃၀-၄၀ လောက်တော့ပါမယ်လို့ ခန့်မှန်းနေကြတယ်” ဟု ရွှေကူ ဒေသခံတစ်ဦးက ညနေ ၅ နာရီခန့်တွင် KNG ကို ပြောသည်။ 

ပစ်ခတ်နေဆဲဖြစ်နေသောကြောင့် အသေးစိတ်အခြေအနေကို ထပ်မံ တင်ပြပါမည်။

ရွှေကူ နှင့် ကသာ ကြားတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်နှင့် ဒေသအခြေစိုက် ပြည်သူ့တပ်မတော်များကြား တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သိရသည်။


Kachin News Group

https://www.facebook.com/theKachinNews

ရွှေကူမြို့အနီး မြစ်ကမ်းဘက်သို့ အာဏာသိမ်းစစ်တပ်က သင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်နေ ရွှေကူမြို့အနီး မြစ်ကမ်းဘက်သို့ အာဏာသိမ်းစစ်တပ်က သင်္ဘောပေါ်မှ ရမ်းသမ်းပစ်ခတ်နေ Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.