မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး


သျှမ်းသံတော်ဆင့်၊ ဇွန် ၁၁

သျှမ်းတောင် မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက်သွားရောက်လှူဒါန်းမည့် ပစ္စည်းများကို စစ်ကောင်စီအုပ်စု မှ လမ်းတွင် တိုက်ခိုက်လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီအုပ်စု နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်တို့ ကြားတိုက်ပွဲဖြစ်ပွားမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့်သူများဖြစ်ပြီး၊ လက်ရှိမှာ မိုးဗြဲမြို့နယ်တွင် စစ်ရှောင် (၂၀၀၀) ကျော်ရှိပြီး စားဝတ်နေရေး အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

ထို့ကြောင့် စစ်ရှောင်များအတွက် စေတနာရှင်များက စုပေါင်းပြီး ဆန်အိတ်ပေါင်း၊ (၈၀)ကျော် နှင့် ဆေးဝါး ပစ္စည်းများကို ကားတစ်စီးနှင့်အတူ  ယမန်နေ့ (ဇွန် ၁၀)ရက်တွင် သွားရောက်ပို့ဆောင်စဉ် စစ်ကောင်စီ အုပ်စုက လမ်းတွင် တိုက်ခိုက် လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကူညီရေး အဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ပြောသည်။ 

“ ကျနော် တို့ မိုးဗြဲစစ်ရှောင် အတွက် ဆန်အိတ်တွေ ဆေးဝါးတွေ သွားပို့တဲ့လမ်းမှာ စစ်ကောင်စီ က ကျနော်တို့အဖွဲ့ကို သေနတ်တွေနဲ့ ပစ်တယ်။ ရွာလမ်းဆိုတော့ ကားက သွားရလာရခက်တယ်။  သူတို့ ထွက်ပြေးလာရတယ်။ အဲ့ပစ္စည်းတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု ကူညီရေး အဖွဲ့ဝင် တစ်ဦး က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် အတွင်း စစ်ဘေးရှောင် တစ်သိန်းဝန်းကျင် တိမ်းရှောင်နေရပြီး စားဝတ်နေနေရး ခက်ခဲကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.