ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား



ဇွန်လ ၆ရက်နေ့ နံနက် ၆နာရီဝန်းကျင်က စပြီး ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုကြောင့် ရပ်ကွက်ရှိနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းမှာ ဒီးမော့ဆိုမြို့အပါအဝင်၊ မိုးဗြဲမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ 










Photo - CJ


ဒီကနေ့ ဇွန်လ ၆ရက်နေ့ နံနက်၆နာရီဝန်းကျင်ကစပြီး ဒီးမော့ဆိုမြို့ ဒေါငံခါး၊ လမ်းခွအနီးတစ်ဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဒေါငံခါး ငြိမ်းချမ်းခြင်းသခင်မ ကတ်သလစ်ဘုရားကျောင်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။






Photo - CJ


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကြောင့် လူနေအိမ် ပျက်စီးမှု များပြား Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.