ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ


သျှမ်းသံတော်ဆင့်၊ ဇွန် ၈ ရက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - သိန္နီ ကြားပြည်ထောင်စုကားလမ်းမကြီးပေါ် ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း သတင်းရရှိသည်။ 

ဖြစ်စဉ်မှာ ဇွန် ၆ရက် ည ၈နာရီတွင် မူဆယ်-လာရှိုး လိုင်းကားမောင်းသည့် အသက် (၄၀)ကျော် အရွယ်ရှိ စိုင်းစံညွန့်သည် ကွတ်ခိုင်-သိန္နီ ကြား ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရကြောင်း သေဆုံးသူနှင့် နီးစပ်သည်ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဓားပြတိုက်ခံရပြီး သတ်လိုက်တာ။ ဦးခေါင်းမှာ သေနတ်ပစ်ထားတဲ့ ဒဏ်ရာရတယ်။ ကားတော့မယူသွားဘူး။ ပိုက်ဆံ ၂၄ သိန်းလည်ူးယူသွားတယ်။ ရုပ်အလောင်းကိုတော့ မနေ့က သဂြိုလ်လိုက်တယ်” ဟု နီးစပ်သည့် ဆွေမျိုးတစ်ဦးက ဆိုသည်။

စိုင်းစံညွန့်ကို မည်သည့်အဖွဲ့အစည်း၊မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက် ဓားပြတိုက်ပြီးသတ်သွားသည်ကို လက်ရှိအချိန်ထိ မသိရှိသေးပေ။

ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် စိုင်းစံညွန့်သည် ကားသမားတစ်ဦးဖြစ်ပြီး။ ကလေး(၃)ယောက်၏ ဖခင်လည်းဖြစ်သည်။ 

အဆိုပါ ကားသမား ဓါးပြတိုက်ခံရပြီး အသတ်ခံရသည့် နေရာအနီးတစ်ဝိုက်တွင် ပြည်သူ့စစ် နှင့် စစ်ကောင်စီ တို့ အခွန်ကောက်ခံသည့် နေရာဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.