မြန်မာအတွက်ဒေါ်လာကိုးသိန်းတောင်ကိုရီးယားထောက်ပံ့


မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုကိုတောင်ကိုရီးယားနိုင်ငံဟာအမေရိကန်ဒေါ်လာ၉၀၀,၀၀၀လှူဒါန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကထောက်ပံ့တဲ့ဒီရန်ပုံငွေဟာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးညှိနှိုင်းရေးရုံးUNOCHAကိုလှူဒါန်းခဲ့တာဖြစ်ပြီးအရင်ကလည်းသီးခြားအလှူငွေအဖြစ်ဒေါ်လာ၆၀၀,၀၀၀ထောက်ပံ့ကူညီထားတယ်လို့UNOCHAအဖွဲ့ရဲ့အာရှပစိဖိတ်ဒေသမီဒီယာဆက်ဆံရေးအကြီးအကဲကပြောပါတယ်။

မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသိန်းနဲ့ချီရှိနေပြီးလူပေါင်း၁သန်းအတွက်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းUNOCHAအဖွဲ့ကပြောထားပါတယ်။

မြန်မာပြည်သူတွေကိုကူညီဖို့အတွက်လိုအပ်တဲ့ဒေါ်လာ၂၇၆သန်းကိုလည်းထောက်ပံ့ကူညီကြဖို့တိုက်တွန်းထားပါတယ်။

(အမှားပြင်ဆင်ချက်)အစောပိုင်းတုန်းကတော့မြောက်ကိုရီးယားကနေမြန်မာအတွက်လူသားချင်းစာနာထောက်ထားတဲ့အကူအညီဒေါ်လာ၃၀၀,၀၀၀လှူဒါန်းခဲ့တယ်ဆိုပြီးရိုက်တာသတင်းဌာနကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့မြောက်ကိုရီးယားဘက်ကထောက်ပံကူညီတာကိုဖော်ပြထားတဲ့ဘဏ္ဍာရေးညွှန်းကိန်းအစောပိုင်းအချက်အလက်တွေဟာမှားယွင်းပြီးအခုအခါပြန်လည်ပြင်ဆင်ထားတယ်လို့UNOCHAအဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောတာကြောင့်ပြန်လည်ပြင်ဆင်ဖော်ပြလိုက်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မြန်မာအတွက်ဒေါ်လာကိုးသိန်းတောင်ကိုရီးယားထောက်ပံ့ မြန်မာအတွက်ဒေါ်လာကိုးသိန်းတောင်ကိုရီးယားထောက်ပံ့ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.