မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလဆုံးဖြတ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ တင်ပို့နေတာတွေ ရပ်တံံ့အောင် ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တိုက်တွန်းလိုက်ပါတယ်။

စစ်လက်နက်တွေ မြန်မာနိုင်ငံထဲ မရောက်စေဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ ရပ်တံ့ဖို့တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ ၃၆ မဲနဲ့ အတည်ပြုလိုက်တာပါ။

မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်ကို တခဲနက် အတည်ပြုလိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကြိုဆိုလိုက်ပေမဲ့ ထိရောက်မှု အားနည်းတဲ့ ဆုံးဖြတ်ချက် အဖြစ်နဲ့လည်း အထွေထွေညီလာခံမှာ ဝေဖန်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/unga-myanmar-/5934410.html

မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလဆုံးဖြတ် မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေ မရောက်အောင် တားဆီးဖို့ ကုလဆုံးဖြတ် Reviewed by THITHTOOLWIN on 06:36 Rating: 5

No comments:

Powered by Blogger.