လာဖမ်းသူကိုမ​​တွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့် က​လေးငယ် အပါအဝင် မိသားစုဝင်အားလုံးကို ဖမ်း​ခေါ်သွား


28 June 2021 - Kachinwaves 

ကချင်ပြည်နယ် ပူတာအိုက လူငယ်တစ်ဦးအား စစ်​ကောင်စီ ရဲတပ်​​​ဖွဲ့များမှ ယ​နေ့ည​နေပိုင်းတွင် လာ​ရောက်ဖမ်းဆီးရာ ဖမ်းမည့် လူငယ်ကို မတွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့်က​လေးငယ် အပါအဝင် ​နေအိမ်၌ရှိ​နေသည့် မိသားစုဝင် ၆ဦးကို ဖမ်း​​ခေါ်သွား​ကြောင်း သတင်းရရှိသည်။ 

ဖမ်းဆီး​ခေါ်​​ဆောင်သွားသူများထဲတွင် က​လေးငယ်နှစ်ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသားနှင့် အမျိုးသမီးများပါ​ကြောင်း သိရသည်။

"အဲလူငယ်ကို ဘာ​ကြောင့်လာဖမ်းလဲ​တော့မသိဘူး။ လာတာက ကားနှစ်စီးနဲ့ဟုတ်တယ်။ အိမ်မှာရှိတဲ့ လူ​တွေ အကုန်လုံးကို ဖမ်းသွားတာ။ အဲလူငယ်ရဲ့ ကွန်ပျူတာတွေလည်း ယူသွားတယ်။"ဟု ​ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါလူငယ်ကို လာဖမ်းရသည့်အ​ကြောင်းရင်းကို မသိရှိရ​​သေးကြောင်းလည်း ဆိုသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

လာဖမ်းသူကိုမ​​တွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့် က​လေးငယ် အပါအဝင် မိသားစုဝင်အားလုံးကို ဖမ်း​ခေါ်သွား လာဖမ်းသူကိုမ​​တွေ့သဖြင့် တစ်နှစ်ပင် မပြည့်​သေးသည့် က​လေးငယ် အပါအဝင် မိသားစုဝင်အားလုံးကို ဖမ်း​ခေါ်သွား Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.