ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက်

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံရဲ့ မိသားစုဝင်တွေအပါအဝင် လွတ်မြောက်လာသူများ ၂၀၂၁ ဇွန် ၉ရက်နေ့က ရုံးချိန်းလာတာကို တွေ့ရစဉ် /Photo: CJ

ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေအပါအဝင် AAနဲ့ ဆက်စပ်တယ် ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀ ဦးကို စစ်ကောင်စီက အမှုရုပ်သိမ်း လိုက်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာပြီလို့ အဲဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ရှေ့နေက RFA ကိုပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူကို အောင်မြတ်ကျော်အပါအဝင် စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးနဲ့ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မမိုးနှင်းဖြူနဲ့ ယောက်ဖ ဖြစ်သူ ကိုကျော်နိုင်တို့ လွတ်မြောက်လာခဲ့တာပါ။

သူတို့ဟာ နှစ်နှစ်နီးပါးအကြာ တရားရင်ဆိုင်ခဲ့ရပြီး ဒီနေ့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးကနေ တရားသေ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

ပြန်လွတ်လာသူ ၁၀ ဦးလုံးဟာလည်း ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) က ခေါင်းဆောင် ရှစ်ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စင်္ကာပူရဲတွေက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဘက်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ယောက်ဖတိုဟာလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က တရားလိုလုပ်ပြီး အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကကတည်းက ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ကြား အပစ် အခတ်တွေ ရပ်စဲနေသလို ရက္ခိုင့်တပ်တော်(AA) ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က စစ်ကောင်စီကနေ အကြမ်းဖက်အုပ်စုအဖြစ်ကနေ ရုပ်သိမ်းကြောင်း ကြေငြာခဲ့ပါတယ်။

အဲဒီနောက် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူ တချို့ ကိုလည်း အမှုတွေကို ပြန်လည်ရုပ်သိမ်းပြီး လွှတ်ပေးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aa-family-release-06092021060024.html

ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက်  ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုတွေအပါအဝင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရသူ ၁၀ ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.