ဒဂုံတက္ကသိုလ်သို့သွားတဲ့ YBS 30 ပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန်တိုင်း၊ ဒဂုံတက္ကသိုလ်ကိုလာတဲ့ YBS 30 ဟာ ဒီနေ့ မေ ၅ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒဂုံတက္ကသိုလ်အနီး၊ ဘုန်းကြီးကျောင်းကွေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

မေလ ၅ ရက်နေ့ကို စစ်ကောင်စီက တက္ကသိုလ်၊ ကျောင်းတွေကို အတင်းအကျပ်ပြန်လည်ဖွင့်ဖို့ အမိန့်ပေးထားတာ ဖြစ်ပါတယ်။

YBS 30 ဟာ စစ်တပ်ပိုင် ဗန္ဓုလကုမ္ပဏီရဲ့ ယာဉ်လိုင်းတွေထဲက တစ်ခုဖြစ်ပြီးတော့ ဒဂုံတက္ကသိုလ်ကနေ သခင်မြပန်းခြံကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။


Zalen

https://www.facebook.com/zalen.info/

ဒဂုံတက္ကသိုလ်သို့သွားတဲ့ YBS 30 ပေါက်ကွဲမှုဖြစ်ပွား ဒဂုံတက္ကသိုလ်သို့သွားတဲ့ YBS 30 ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.