အာဏာသိမ်းမှုကြောင့် telenor မြန်မာ ဒေါ်လာသန်းချီရှုံးရ


(၄/၅/၂၀၂၁)

အာဏာသိမ်းစစ်တပ်ရဲ့ မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကြောင့် နော်ဝေ telenor company အနေနဲ့ ဒေါ်လာသန်းချီဆုံးရှုံးရသလို အစုရှယ်ယာတန်ဖိုးကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ပေးဖို့နဲ့ လွတ်လပ်စွာရေးသားဖေါ်ပြမှုတွေကို လေးစားတန်ဖိုးထားဖို့ တောင်းဆိုထားကြောင်း telenor company က ပြောပါတယ်။ ပိတ်ဆို့ဟန့်တားမှုတွေရှိနေပေမဲ့ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဦးမယ်လို့လည်း telenor CEO က ပြောပါတယ်။ လုပ်ငန်းတွေ ရှေ့ဆက်လည်ပတ်ဖို့အရေးဟာ နိုင်ငံရဲ့ အခြေအနေပြောင်းလဲတိုးတက်မှုအပေါ်မူတည်နေတယ်လို့လည်း CEO  Sigve Brekke ကပြောပါတယ်။

telenor company ဟာ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံခဲ့တာပါ။ အာဏာသိမ်းစစ်အာဏာရှင်အောက်မှာ ရင်းနှီးမြုပ်နှံမှုတွေဆက်မလုပ်ဖို့ ဖိအားပေးမှုတွေနဲ့လည်း telenoe company အနေနဲ့ ရင်ဆိုင်နေရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အာဏာသိမ်းမှုကြောင့် telenor မြန်မာ ဒေါ်လာသန်းချီရှုံးရ အာဏာသိမ်းမှုကြောင့် telenor မြန်မာ ဒေါ်လာသန်းချီရှုံးရ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.