ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ

 ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ

ကိုဗစ်ကူးစက်သူ တစ်နေ့တည်း တစ်ရက်တည်း တစ်ရာနီးပါးအထိ မနေ့က တွေ့ရှိခဲ့ပြီးနောက် ကူးစက်မှု များပြားခဲ့တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်နဲ့ စစ်ကိုင်း တမူးမြို့နယ်တို့ကို မေ ၂၉ မနက် ၄ နာရီက စပြီး Stay at Home ဒေသတွေ အဖြစ် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးရဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မနေ့က ကူးစက်မှုများပြားသွားတာက စစ်ကိုင်းတိုင်း တမူးမြို့နယ်က အချုပ်သားတွေမှာ တစ်ကြိမ်တည်း ပိုးတွေ့ရှိသူ ၅၃ ဦးအထိ တွေ့ရှိမှုတစ်ခုကြောင့် များလာခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။

အဲဒီဒေသတွေကို ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ ကုသရေး လူအင်အားအဖွဲ့တွေ ပို့ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ဆေးမှုတွေ ထပ်တိုးဆောင်ရွက်ဖို့ရှိပြီး ရောဂါဖြစ်ပွားမှု များပြားတဲ့ မြို့နယ်တွေနဲ့ ပြည်တွင်းလေကြောင်းခရီးစဥ်တွေကို ပိတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိကူးစက်ခံရသူတွေဟာ ရောဂါပြင်းထန်တာမရှိဘဲ သာမန်နဲ့ အသင့်အတင့် အခြေအနေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ အိန္ဒိယနဲ့ အဝင်အထွက် ကန့်သတ်ဖို့ ကိစ္စတွေလည်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ တွေ့ရှိမှုဟာ စစ်ဆေးမှုရဲ့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်း ရှိခဲ့ရာက အခုအခါ ၅ ရာခိုင်နှုန်းကျော် ရှိလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရင်ရက်တွေက ကိုဗစ်ပိုးတွေ့ရှိသူ ၂ဝ၊ ၃၀ စတဲ့ ဆယ်ဂဏန်းတွေ့ရှိမှုတွေရှိခဲ့ပြီး မနေ့က ကူးစက်သူ ၉၆ ဦးထိတွေ့ရှိခဲ့ပြီး ဒီကနေ့မှာလည်း ၇၂ ဦး တွေ့ရှိခဲ့ပါတယ်။

အခုချိန်အထိ ပြည်တွင်းကူးစက်သူပေါင်း တစ်သိန်းလေးသောင်းကျော်နဲ့ သေဆုံးသူ ၃၂၁၆ ဦး ရှိပြီ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ  ကိုဗစ်ကူးစက်မှုကြောင့် တွန်းဇံနဲ့ တမူးကို Stay at Home သတ်မှတ်၊ ပြည်တွင်းလေကြောင်းခရီးတွေ ကန့်သတ်ဖို့ရှိ Reviewed by THITHTOOLWIN on 02:50 Rating: 5

No comments:

Powered by Blogger.