ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတဝီစစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက်၊ စစ်ကောင်စီအုပ်စု ထွက်ပြေး



Photo - CJ

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဒေါတဝီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ညနေ ၄ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအုပ်စုမှ လက်နက်ကိုင်တွေ ထွက်ပြေးခဲ့ကြောင်း မြေပြင်ရောက်ရှိနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောကြားပါတယ်။

"၄နာရီဝန်းကျင်လောက်ပေါ့ စစ်ကောင်စီဖက်က ကျဆုံးတာမရှိဘူး မရှိဘူးဆိုတာ အောက်ခြေမှာလုပ်ရှားနေတဲ့အချိန်မှာ ထွက်ပြေးသွားတယ်ပြောရမှာပေါ့နော အဲ့တော့ စစ်ကောင်စီဖက်လည်း ကျဆုံးတာမရှိသလို PDF ကလည်း ကျဆုံးတာမရှိဘူးလို့ ပြောရမှာပေါ့နော" လို့ ၎င်းက ပြောပါတယ်။ 

စစ်ကောင်စီအုပ်စုက ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်မှုမရှိဘဲ သိမ်းနိုင်ခဲ့သလို နှစ်ဖက်ထိခိုက် ကျဆုံးမှုမရှိဘူးလို့သိရပါတယ်။ 

စစ်ကောင်စီဖက်မှ အင်အား ၅၀ ဝန်းကျင်ခန့်က ကွိုင်ငံဖက်ကိုထွက်ပြေးသွားတယ်လို့ သိရှိရကြောင်း ၎င်းက ဆိုပါတယ်။ 

ဒီမနက်မှာလည်း ဒေါတဝီရွာဖက်ကို ပြန်လာတဲ့ပြည်သူ ၃ဦး ကို စစ်ကောင်စီ လက်နက်ကိုင်တွေ ပစ်ခတ်ခဲ့ရာမှ ၂ဦး သေဆုံးသွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ ဒီမော့ဆိုမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ထူလွီးဘီလာစစ်ဆေးရေးဂိတ်၊ ဒေါတဝီဂိတ်ကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့ မေလ ၂၂ရက်နေ့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ပေါက်ကွဲသံလိုကြားနေရပေမယ့်လည်း နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတဝီစစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက်၊ စစ်ကောင်စီအုပ်စု ထွက်ပြေး ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတဝီစစ်ဆေးရေးဂိတ်ကို PDF သိမ်းပိုက်၊ စစ်ကောင်စီအုပ်စု ထွက်ပြေး Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.